နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များတွင်ဆက်စပ်ပါ ဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၄၉ ဦးနှင့်ကင်ညာနိုင်ငံသား ၄၈ ဦးတို့ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည် ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူ သား ချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ် ကြည် ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ် နည်း များနှင့် အညီ ယနေ့ မတ်လ ၂၁ ရက်တွင် ပြည်နှင် လွှဲ ပြောင်း ပေးပြီး ပြည်ပနိုင်ငံသား ၂၅၄ ဦး ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ ကြောင်း သိရသည်။



