သုခဒဂုံပြည်သူ့အငှားအိမ်ရာ နေထိုင်ခွင့်ရရှိသူများသည် မိမိတို့ကိုယ်တိုင် နေထိုင်ခြင်းမရှိဘဲ တစ်ဆင့် ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းများ ပြုလုပ်လျှင် အိမ်ခန်းငှားရမ်းခွင့်အား ရုပ်သိမ်းပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအား နေရေးအခက်အခဲ ရှိသူများအား ၅ နှစ် ငှားရမ်းနေထိုင်ခွင့် ပြုထားပြီးဖြစ်ပြီး မကြာမီ ထပ်မံပြီးစီးတော့မည့် တိုက် ၅ လုံးကိုလည်း မဲနှိုက်နေရာချထား ပေးသွားမှာဖြစ်သည်ဟု သိရသည်။



