မနေ့ မတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲ ခန့်မှာ တောမီးကနေတဆင့် မီးကူးပြီး တီးတိန်မြို့ စကောလ်လမ် ရပ်ကွက်၊ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်အထိ တီးတိန်မြို့ ပတ်ဝန်း အနှံ့မှာ တောမီး လောင်ကျွမ်းလျက် ရှိကြောင်း ဒေသခံတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။ မီးလောင်ကျွမ်းသွားတဲ့ နေအိမ်ဟာ Pa That Lian Tuang နှင့် မိသားစု ၆ ဦး တို့ နေထိုင်လျက် ရှိတဲ့ အိမ် ဖြစ်တယ် လို့လည်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိခဲ့ရ ပါသည်။တီးတိန်မြို့ ပတ်ဝန်းကျင်မှာတော့ တောမီးတွေ ဟိုတစ ဒီတစ လောင်ကျွမ်း နေဆဲ ဖြစ်တယ် လို့လည်း ဒေသခံ များ ထံမှ သိရှိရပါတယ်။



