စလိုဗက်ကီးယားနိုင်ငံ အရှေ့ပိုင်းရှိ လူနေရပ်ဝန်းတခုမှာ ညတွင်းချင်း မီးလောင်မှုကြောင့် ကလေး ၄ ယောက် အပါအဝင် လူ ၅ ယောက် သေဆုံးသွားကြောင်း မီးသတ်သမားတွေနဲ့ မြို့တာဝန်ရှိသူတွေက မတ် ၂၀ ရက်က ပြောကြားခဲ့ပါတယ်။ ဘရားတစ်စ်လာဗာမြို့ အရှေ့ဘက် ၃၉၀ ကီလိုမီတာအကွာရှိ ဗဲလ်ကီး ရှားရိရှ် မြို့မှာ မီးသတ်သမားတွေဟာ ညအချိန်ကြီးမှာ မီးတောက်တွေကို ငြှိမ်းသတ်နေကြပြီး နောက်တနေ့ မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတော့ နေအိမ်တွေနဲ့ ပစ္စည်းတွေ မီးလောင်ပြာကျနေတာကို မြင်တွေ့ရပါတယ်။



