မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ပါဝင်ပတ်သက်သည့် ကင်ညာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေ စုစုပေါင်း ၁၉၇ ယောက်ကို မတ် ၂၁ ရက် ဒီနေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လွှဲပေးလိုက်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့လိုက်ကြောင်း သိရသည်။



