မန္တလေးကုန်စိမ်းစျေးကွက်အတွင်း၊ ခရမ်းချဉ်သီးအပါအ၀င်ကုန်စိမ်း(၁၀)မျိုး စျေးဆက်တိုက်အကျ ဘက်မှာ ရောက်နေကြောင်း သိရသည်။ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီ၊ ပန်းပွင့်၊ အာလုံး၊ ဂျင်း၊ မုံညှင်း၊ ငရုတ်သီးစိမ်းနှင့်ခရမ်း သီးစသည့်ကုန်စိမ်း(၁၀)မျိုး၊ စျေးဆက်တိုက်ကျနေခြင်းဖြစ်ကြောင်းသိရသည်။အလားတူ ဂေါ်ဖီ၊ ပန်းပွင့်နှင့်ကျန်ကုန်စည်များလည်း၊ နှစ်လယ်ပိုင်းခန့်တွင် ပြန်တက်လာနိုင်ကြောင်း သုံးသပ်သည်များလည်းရှိသည်။



