မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲများစီစဉ်သည့် MMAG တို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် မတ်လမှစ၍ လစဉ်မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများ ကျင်းပတော့မည်ဟု သိရသည်။ထိုပွဲများအတွက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီပေးထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စကိုင်းနက်ရုပ်သံ၊ မွန်မင်းလမ်းကုမ္ပဏီလီမိတက်နှင့် အောင်ပြီဟေ့ဖယောင်းတိုင်လုပ်ငန်းတို့က ပူးတွဲပံ့ပိုးပေးထားသည်။ထို့အပြင် လစဉ်ကျင်းပမည့် မျိုးဆက်သစ်လက်ဝှေ့ကျော်များထဲမှ ထူးချွန်သူများအား ရွေးချယ်ပြီး ထပ်မံ၍ ပွဲစီစဉ်ပေးခြင်းဖြင့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝကို အချိန်တိုအတွင်း ရရှိစေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲစီစဉ်သူ MMAG Co., Ltd. တို့က မျိုးဆက်သစ်လက်ဝှေ့ပွဲများ စီစဉ်နေသလိုမြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ၂၀၂၅ ခုနှစ်အတွင်း GYM ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။



