back

တာချီလိတ်မြို့ရှိ ကိုးမြို့ရှင် နတ်နန်းအတွင်းမှ သစ်ပင်သစ်ကိုင်း လမ်းပေါ်သို့ ကျိုးကျမှုကြောင့် အမျိုးသမီးကြီးတစ်ဦး နံရိုးကျိုးသည်အထိ အပြင်းအထန် ရရှိထားသည့် ဒဏ်ရာကြောင့် ကွယ်လွန်

Mar 21 • 3:37 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့ရှိ ကိုးမြို့ရှင် နတ်နန်းအတွင်းမှ သစ်ပင်သစ်ကိုင်း လမ်းပေါ်သို့ ကျိုးကျမှုကြောင့် အမျိုးသမီးကြီးတစ်ဦး နံရိုးကျိုးသည်အထိ အပြင်းအထန် ရရှိထားသည့် ဒဏ်ရာကြောင့် ကွယ်လွန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်နန်း ( အဘကိုးမြို့ရှင် (ပင်မ) ဗိမာန်တော်ကြီး)အတွင်းမှ သစ်ပင်သစ်ကိုင်းသည် လမ်းပေါ်သိ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်နန်း ( အဘကိုးမြို့ရှင် (ပင်မ) ဗိမာန်တော်ကြီး)အတွင်းမှ သစ်ပင်သစ်ကိုင်းသည် လမ်းပေါ်သို့ ကျိုးကျမှုကြောင့် အမျိုးသမီးကြီးတစ်ဦး နံရိုးကျိုးသည်အထိ ဒဏ်ရာအပြင်းအထန်ရ၍ ဆေးကုသမှု ခံယူထားစဉ် ကွယ်လွန်သွားကြောင်း သိရသည်။နတ်နန်းအတွင်းရှိ သစ်ပင် သစ်ကိုင်းကျိုးကျမှုကြောင့် ဒေါ်နန်းနွန်းသည် နံရိုး(၆)ချောင်းကျိုးကာ အဆုတ်ကိုထိသွားသည့်အပြင် ခန္ဓာကိုယ်လှုပ်ရှား၍ မရတော့သည့် အခြေအနေထိ ဖြစ်သွားသလို ဦးနှောက်လည်း သွေးခဲခဲ့ရကြောင်း မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

news-view-count-icon

23