ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၁)ရက်နေ့ ညနေ(၅)နာရီခွဲကျော်အချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဝမ်ဆောက်ခုံရွာဟောင်းတွင် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နှစ်ထပ်နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။မီးလောင်ရသည့် အကြောင်းအရင်းမှာ ဒေါ်ပါအွေ့၏ နေအိမ်အတွင်း လူမရှိချိန်တွင် လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု တာချီလိတ်မြို့မီးသတ်တပ်ဖွဲ့ထံက သိရသည်။မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း နေအိမ်မှာ လုံးဝပျက်စီးဆုံးရှုံးလိုက်ရကြောင်း သိရသည်။



