စားအုန်းဆီ ကမ္ဘာ့ဒုတိယအများဆုံး တင်ပို့သည့် မလေးရှားနိုင်ငံသည် စားအုန်းဆီကြမ်းအတွက် တင်ပို့ခွန် ၁၀%ကို ဧပြီလအတွက် မပြောင်းလဲဘဲ ဆက်လက်ထားရှိပြီး ၎င်း၏ရည်ညွှန်းစျေးနှုန်းကို မြှင့်တင်ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ ၀က်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့ (မတ်လ ၁၉)တွင် ဖော်ပြထားသည်။ ဧပြီလအတွက် စားအုန်းဆီကြမ်း တင်ပို့ခွန် တွက်ချက်ရန် ရည်ညွှန်းဈေးနှုန်းမှာ တစ်မက်ထရစ်တန်လျှင် ရင်းဂစ် 4,547.79 ဖြစ်ပါသည်။ တင်ပို့ခွန်သည် စားအုန်းဆီကြမ်း တတန်လျှင် ရင်းဂစ် 2,250 မှ 2,400 အထိ ၃% ဖြင့် အနည်းဆုံး စတင်သည်။ အများဆုံးမှာ ၁၀% ဖြစ်ပြီး တတန်လျှင် ရင်းဂစ် 4,050 အထက်အတွက် ဖြစ်သည်။



