တရုတ်ဈေးကွက်တွင် အပြိုင်အဆိုင် ဈေးချရောင်းပြီး ဈေးနှုန်းစစ်ပွဲ ဆင်နွှဲနေကြစဉ် အိန္ဒိယမှ ကားထုတ်လုပ်သူများသည် ယခုနှစ်အတွက် ရောင်းဈေးကို မြှင့်တင်နေကြရသည်။ အိန္ဒိယကားအသစ်ဈေးကွက်တွင် ဈေးကွက်ဝေစု ဒုတိယအများဆုံး ရရှိထားသည့် Hyundai Motor India သည် ကုန်ကြမ်းဈေးနှုန်းများ မြင့်မားနေခြင်း၊ လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်ခြင်းတို့ကြောင့် ဧပြီလ ၁ ရက်မှစ၍ ရောင်းဈေးနှုန်းများကို ၃% တိုးမြှင့်သတ်မှတ်မည်ဟု ဗုဒ္ဓဟူးနေ့ (မတ်လ ၁၉) တွင် ကြေညာခဲ့သည်။



