မလေးရှားလေကြောင်းလိုင်း၏ မိခင်ကုမ္ပဏီဖြစ်သည့် Malaysia Aviation Group MAG က ဘိုးရင်း ၇၃၇ လေယာဉ်အသစ် အစီး ၃၀ ကို မှာကြားထားပြီး ၂၀၂၉ ခုနှစ်တွင် ရရှိမည်ဖြစ်ကြောင်း သောကြာနေ့ (မတ်လ ၂၁)တွင် ပြောကြားသည်။ ၎င်းလေယာဉ်များတွင် CFM International LEAP-18 အင်ဂျင်များ အသုံးပြုမည်။ ဈေးကွက် အခြေအနေပေါ် မူတည်ပြီး နောက်ထပ် အစီး ၃၀ မှာယူဖွယ် ရှိသည်။ ခေတ်ပေါ်လေယာဉ်အသစ်များဖြင့် အစားထိုး သုံးစွဲသွားရန်အတွက် Boeing 737 MAX 8 ၁၈စင်းနှင့် Boeing 737 MAX ၁၂ စင်း ကို မှာကြားထားခြင်း ဖြစ်သည်။



