ဗီယက်နမ် ဘီလျံနာ Pham Nhat Vuong ပိုင်ဆိုင်သော ဗီယက်နမ်၏ အကြီးမားဆုံးလုပ်ငန်းစု Vingroup သည် ဟိုချီမင်းစီးတီးတွင် ဒေါ်လာ ၄ ဘီလီယံ မက်ထရို ရထားလိုင်းတစ်ခု တည်ဆောက်ရန် အဆိုပြုထားပြီး မြို့တော်၏ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကို မြှင့်တင်ရန် ရည်ရွယ်သည်။ အဆိုပြုထားသည့် မက်ထရိုရထားလမ်းသည် ၄၈ ဒသမ ၅ ကီလိုမီတာ ရှည်လျားသည်။ စီမံကိန်းတွင် ကုန်းတွင်း ဆိပ်ကမ်းနှစ်ခု၊ ခရိုင်အမှတ်(၇) တွင် တစ်ခုနှင့် Can Gio တွင် တစ်ခုတို့ ပါဝင်သည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၄.၀၉ ဘီလီယံခန့် ဖြစ်သည်။



