back

ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်းထဲ မြန်မာကအဆင့် ၁၁၈ သတ်မှတ်ခံရ

Mar 21 • 1:36 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်းထဲ မြန်မာကအဆင့် ၁၁၈ သတ်မှတ်ခံရ

ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀‌ ကျော်ရဲ့ အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်းအဆင့်သတ်မှတ်မှုတွေအရ မြန်မာနိုင်ငံက ပျော်ရွှင်မှုအဆင့် ၁၁၈ သတ်မှတ်ခံရပြီးနိုင်ငံတွင်းလူမှုစီးပွာ...

ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀‌ ကျော်ရဲ့ အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်းအဆင့်သတ်မှတ်မှုတွေအရ မြန်မာနိုင်ငံက ပျော်ရွှင်မှုအဆင့် ၁၁၈ သတ်မှတ်ခံရပြီးနိုင်ငံတွင်းလူမှုစီးပွား ပဋိပက္ခတွေကြောင့် အရာရာဆုတ်ယုတ်နေကာ ပျော်ရွှင်မှုမရှိသလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂစစ်တမ်းဖော်ပြချက်တွေကနေသိရပါသည်။မြန်မာနိုင်ငံသည် ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံ စစ်တမ်းအရ ရမှတ် ၄ ဒဿမ၃၅ အဆင့်၁၁၈ ချိတ်ခဲ့ရာ ဒါဟာပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က အဆင့်သတ်မှတ်ချက် ၁၁၇ ချိတ်တာထက် နောက်တစ်ဆင့်လျော့ကျလာပြီး ပျော်ရွှင်မှု မရှိတာများလာနေပြီးကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်း မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆက်စပ်ဖော်ပြချက်အရ နိုင်ငံတွင်းမှာ ၁မိနစ်ကိုလူ၁ယောက်နှုန်းသေဆုံးနေသလို ၁၃မိနစ်ကိုလူ၁ယောက်နှုန်းပြည်ပကိုပြောင်းရွှေ့နေထိုင်နေတယ်လို့သိရပါသည်။



news-view-count-icon

26