တနင်္သာရီတိုင်းဒေသကြီး အပါအဝင် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှာ ယခုလာမည့် ဧပြီလ 1 ရက်နေ့မှစတင်ကာ ညနေပိုင်းအချိန်များတွင် အပူလွန်ကဲမိုးများ နေ့စဉ်မပြတ် ရွာသွန်းလာနိင်တဲ့အတွက် မွန်းလွဲပိုင်းညနေ 1 နာရီနောက်ပိုင်း ဒေသအချို့ မိုးတိမ်တောင်ဖြစ်ထွန်းကာ လေပြင်းတိုက်ခတ်ခြင်း ၊ မိုးသီးကြွေကျခြင်း ၊ လေဆင်နှမောင်း တိုက်ခတ်ခြင်း ၊ မိုးခြိမ်းခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ မိုးကြီးခြင်း စတဲ့ သဘာဝဘေးအန္တာယ်များကျရောက်လာနိုင်ပါတယ်ဧပြီလ နှင့် မေလသည် မြန်မာနိုင်ငံ၌ အပူပြင်းဆုံးလဖြစ်ပြီး အပူရှိန်မြင့်တက်လာနိုင်ချေရှိနေတဲ့အတွက် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကိုယ်တိုင်အန္တရာယ်ကင်းစေရန် ထိန်းချုပ်နိုင်ပါသည်။



