ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့၊မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ် စစ်မီးမရရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် မျက်စိခွဲစိတ်ကုသပေးရန် ဆိုလာမီးတပ်ဆင်ရန်လိုအပ်လျက်ရှိပြီး မတည်လှူဒါန်းမှုများ ပြုလုပ်ပါက ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု အသိပေးထားသည်။သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့်အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး ၊ မျက်စိခွဲစိတ်စက် (၅)လုံး ၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်းစက် (၂)လုံး ၊လေအေးပေးစက် (၁၈)လုံးရှိကြောင်း သိရသည်။ကိုဗစ်-၁၉ ရောဂါကာလစတင်သည့်အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍ ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။



