မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် အနုပညာရှင်များ၊ အငြိမ့်သဘင်၊ တေးဂီတများဖြင့် ကပြဖျော်ဖြေတင်ဆက်လျက်ရှိရာ ဘုရားဖူးပြည်သူ (၄,၀၀၀)နီးပါး လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ပွဲတော်ကာလ နိုင်ငံကျော် အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ်လ (၁၈) ရက် ၊ ည (၈) နာရီက ဖျော်ဖြေတင်ဆက်ခဲ့ရာ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံများက တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။



