စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို မတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမ ၌ ကျင်းပပြီး၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သစ် တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် မုံရွာစီးပွား ရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်က မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက မုံရွာဂေါက်ကွင်းမှ တာဝန်ရှိ သူတစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။



