ဗန်းမော်မြို့နယ်မှာ အခြေခံ စားသောက်ကုန် နဲ့ လူသုံးကုန်ပစ္စည်းအားလုံးဟာ စျေးနှုန်းမြင့်တက်နေပေမယ့် တောင်သူတွေအတွက် စပါးစျေးနှုန်းက လိုက်ပါမြင့်တက်မှုတွေ မရှိတာကြောင့် အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် စပါးတစ်တင်းဈေးက ဓာတ်ဆီ တစ်လီတာခန့်သာရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် လာမယ့်နှစ်တွေမှာ စိုက်ပျိုးဖို့အရေး အခက်ကြုံလာနိုင်တယ်လို့လည်းဆိုကြပါတယ်။



