back

ဟောင်ကောင် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီး ပါဝါဘန့် မီးလောင်မှုကြောင့် တရုတ် နိုင်ငံ ဖူကျိုး မှာ အရေးပေါ်ဆင်းသက်ခဲ့ရ

Mar 21 • 10:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟောင်ကောင် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီး ပါဝါဘန့် မီးလောင်မှုကြောင့် တရုတ် နိုင်ငံ ဖူကျိုး မှာ အရေးပေါ်ဆင်းသက်ခဲ့ရ

ဟောင်ကောင် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီးဟာ တရုတ်နိုင်ငံ ဟန်ကျိုး ကနေ ဟောင်ကောင်ကို မတ်လ ၂၀ ရက် ကြာသပတေးနေ့က ပျံသန်းလာစဉ်မှာ မီးလောင်မှုကြောင့် တရုတ...

ဟောင်ကောင် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီးဟာ တရုတ်နိုင်ငံ ဟန်ကျိုး ကနေ ဟောင်ကောင်ကို မတ်လ ၂၀ ရက် ကြာသပတေးနေ့က ပျံသန်းလာစဉ်မှာ မီးလောင်မှုကြောင့် တရုတ် နိုင်ငံ ဖူကျိုး လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ ခရီးသည်တွေက ပါဝါဘန့်ကြောင့် မီးလောင်တာလို့ ယူဆထားကြပါတယ်။ လေကြောင်းလိုင်း က ခရီးသည်ရဲ့ ဦးခေါင်းအထက်က ခရီးဆောင်အိတ်ထားတဲ့ အခန်းထဲမှာ မီးလောင်ခဲ့တာလို့ ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၀ နဲ့ လေယာဉ်ဝန်ထမ်း ၈ ယောက်လိုက်ပါခဲ့ကြပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ လေယာဉ်ဟာ ဟန်ကျိုး ကနေ မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ ထွက်ခွာခဲ့ပြီး ဖူကျိုး ကို နေ့လယ် ၂ နာရီ ၁ မိနစ်မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဟောင်ကောင် လေကြောင်း ဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။


news-view-count-icon

21