ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထိုင်း စီးပွားရေးကို ဘတ် ၁၄၄ ဘီလီယမ် တိုးတက်စေမယ့် ထိုင်း အနှိပ်ပညာ ကောလိပ် ကို ဖွင့်လှစ်လိုက်ပါတယ်။ ထိုင်း အနှိပ်ပညာ ကောလိပ်မှာ ကုထုံး ၇ မျိုးကို သင်ကြားပေးမှာ ဖြစ်ပြီး အရည်အချင်း ရှိတဲ့ အနှိပ်ပညာရှင်တွေကို မွေးထုတ်ပေးမှာ ဖြစ်ပါတယ်။ ကောလိပ် ကနေ အနှိပ်ပညာရှင် ၂၀,၀၀၀ ကို လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် ထိုင်း အနှိပ်ပညာ သင်တန်းဆရာ ၁,၀၀၀ ကို မွေးထုတ်ပေးမှာ ဖြစ်ပြီး သင်တန်း ဆရာ လက်မှတ်ကိုလည်း ပေးအပ်မှာ ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။



