ယနေ့ မတ်လ၂၁ ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းက စစ်ရှောင်နေအိမ် အလုံး ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးမှူ ရှိနေတယ်လို့ သိရပါသည်။နေအိမ်အတွင်းက အသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးကုန်ပြီး တချို့စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စပါးတွေပါ ပျက်စီးမှု ရှိနေပြီးအခုလို ထိခိုက်ပျက်စီးမှုတွေ များပြားနေတာကြောင့် အရေးပေါ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးကြရန် သိရပါသည်။



