စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင်တန်း (၁/၂၀၂၅) သင်တန်း ဆင်းပွဲအခမ်းအနားကို မတ်လ ၂၁ ရက်၊ နံနက် (၁၀)နာရီက မုံရွာခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပခဲ့ပြီးအဆိုပါ အခြေခံစာကြည့်တိုက်ပညာ သင်တန်း (၁/၂၀၂၅)သို့ ဌာနဆိုင်ရာ၊ ကျောင်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူး ၂၂ ဦး တက်ရောက်ခဲ့ပြီး မတ်လ ၁၇ ရက် နေ့မှ ၂၁ ရက်နေ့အထိ သင်တန်းကာလ ၅ ရက်ကြာ စာတွေ့လက် တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်းသိရသည်။



