back

ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်အတွင်း ယခုရက်ပိုင်း အင်တာနက်လိုင်း နှေးကွေးနေ

Mar 21 • 10:23 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်အတွင်း ယခုရက်ပိုင်း အင်တာနက်လိုင်း နှေးကွေးနေ

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတွင် MPT၊နှင့် Mytel လိုင်းသာ ရရှိပြီး မီးပြတ်သည့်အချိန်တွင် ဖုန်းတိုင်များပါ မိနစ်(၂၀)လောက် ပြတ်တောက်တတ်ပြီး ယခုရက...

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတွင် MPT၊နှင့် Mytel လိုင်းသာ ရရှိပြီး မီးပြတ်သည့်အချိန်တွင် ဖုန်းတိုင်များပါ မိနစ်(၂၀)လောက် ပြတ်တောက်တတ်ပြီး ယခုရက်ပိုင်း အင်တာနက်လိုင်းသုံးစွဲမှု နှေးကွေးမှုကြောင့် အွန်လိုင်းဖြင့်ဈေးရောင်းသူများ၊ အလုပ်လုပ်ကိုင်သူများ အဆင်မပြေမှုရှိကြောင်း မတ်လ(၂၁)ရက်တွင်ရသည်။ထို့အပြင် MPTကဒ်သာ သုံးစွဲသူများလည်း ယခုရက်ပိုင်းမှာ ဖုန်းလိုင်းမကြာခဏ ပျောက်တာရှိကြောင်း သိရသည်။ ထို့အတူ ‌မတ်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ပအိုဝ်းဒေသနှင့် ဓနုဒေသတို့မှာလည်း ဆက်သွယ်ရေး ကွန်ရက်များ ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်း နှေးကွေးခြင်း၊သုံးစွဲမရခြင်းတို့ ရှိနေကြောင်း သိရသည်။


news-view-count-icon

43