မြေဩဇာကော်မတီ၏ ၄၄ ကြိမ်မြောက်အစည်းအဝေးအရ ခွင့်ပြုမှတ်ပုံတင် ၁၂,၂၉၇ စောင် မှ အသက်ဝင်လုပ်ကိုင်နေနိုင်သည်မှာ ၇,၃၄၂ စောင်သာရှိသည်။ ပယ်ဖျက်မှု ၂,၀၈၈ စောင် နှင့် သက်တမ်းကျော်လွန်မှု ၂,၈၆၇ စောင် ရှိနေသည်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် မြေဩဇာအသုံးပြုမှုအရည်အသွေး မြှင့်တင်ရန် ဥပဒေနှင့်အညီ စစ်ဆေး၍ ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။



