back

ဖားကန့်မှာ နွံကန်ပေါက်မှု ဖြစ်ပွားနေပြီး အနိမ့်ပိုင်းအိမ်တွေ ရေမြုပ်

Mar 21 • 8:01 AM

breaking-news

မြန်မာ

ကချင်

cover

ဖားကန့်မှာ နွံကန်ပေါက်မှု ဖြစ်ပွားနေပြီး အနိမ့်ပိုင်းအိမ်တွေ ရေမြုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနီး နမ့်မှော်မှာ မတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီ မထိုးခင်ကတည်းက နွံကန်ကြီးတကန်ပေါက်မှု ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ဖားကန့်မှ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနီး နမ့်မှော်မှာ မတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီ မထိုးခင်ကတည်းက နွံကန်ကြီးတကန်ပေါက်မှု ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ဖားကန့်မှာ ဒီမနက် ၈ နာရီ မထိုးခင် ကတည်းက နွံကန်ကြီး ပြန်ပေါက် နေပြီ။ ဖားကန့်မှာ ဒီလို နွံကန်ကြီးတွေ အများကြီး ရှိနေတယ်။" လို့ ဒေသခံ တယောက်က ပြောပါတယ်။ နွံကန်ပေါက်ကျမှုကြောင့် လမ်းပေါ် နွံရေတွေ လျှံနေသလို အနိမ့်ပိုင်းက နေအိမ်တွေထဲလည်း နွံရေတွေ ဝင်ပြီး နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။ နောက်တွဲအခြေအနေတွေကို ဆက်လက်စုံစမ်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 



news-view-count-icon

23