ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများ အများစု သည် ယာဉ်မောင်းမကျွမ်းကျင်မှုနှင့် မဆင်မခြင်အရှိန်ပြင်း မောင်းနှင်မှုများကြောင့် ဖြစ်ပွားသည် ဟု အမြန်လမ်းရဲတပ်ဖွဲ့မှထုတ်ဖော်ပြောကြားသည်။၂၀၂၅ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း သာမန် ယာဉ်မတော်တဆမှု ၂၆ ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။



