မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)က သင်္ဘောသားများအတွက် ပင်စင်စနစ် ထူထောင်ဖို့အတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းဖို့ပြင်ဆင်နေကြောင်း သိရသည်။ ပင်စင်စနစ်ထူထောင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးပြီး အဆင့်မြင့်အကောင်အထည်ဖော်ရန် လမ်းစပေါ်ခဲ့ကြောင်း MSF သတင်းပို့စ်ထုတ်ပြန်ထားသည်။ ၂၀၂၀ ခုနှစ်တွင် MSF အဖွဲ့ချုပ်ဥက္ကဋ္ဌ က ပင်စင်စနစ် လိုအပ်ချက်နှင့် အဓိပ္ပါယ်များကိုကြေငြာခဲ့သည်။ ပင်စင်စနစ်ကို မြန်မာ့အာမခံလုပ်ငန်း၊ ပြည်ပအခြေစိုက်အတိုင်ပင်ခံ နှင့် ရေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ဆွေးနွေးပြီး စီမံခန့်ခွဲမှုနဲ့အတူလုပ်ငန်းကော်မတီ ဖွဲ့စည်းဖို့ အဆင့်ဆင့် အကောင်အထည်ဖော်နေကြောင်း MSF ပြောကြားထားသည်။



