မန္တလေးဈေးကွက်တွင် ခရုများ ဈေးကောင်းလာခြင်းကြောင့် ခရုကောက်သူများ တိုးလာကြောင်း ဒေသခံများကပြောသည်။ ခရုတစ်ပိဿာ၏ ဈေးနှုန်း ကျပ် ၈၀၀၀ မှ ၁၀၀၀၀အထိရှိနေပြီး၊ဝင်ငွေရရှိရန် ခရုကောက်မှုများ လုပ်နေကြောင်း သိရသည်။ ခရုကောက်သူများ တိုးလာသဖြင့်, မန္တလေးမြို့နယ်အနီးတွင် မြောင်းငယ်နှင့် ချောင်းငယ်များတွင် ခရုကောက်ခြင်းပြုလုပ်နေကြသည်။ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်နှင့် အမရပူရမြို့နယ်များတွင် ခရုကောက်သူများ ရာနှင့်ချီရှိပြီး၊ တစ်ဦးလျှင် နေ့စဥ် ငွေကျပ် ၁၀၀၀၀ မှ ၂၀၀၀၀အထိ ရရှိကြောင်း သိရသည်။



