ဧပြီလ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တွင် သင်္ကြန်ပစ္စည်းများ ရောင်းချနေပြီဖြစ်ပြီး၊ သိမ်ကြီးဈေးတွင် ဝယ်သူများ စည်ကားနေကြောင်း တွေ့ရပါတယ်။ သယ်ယူစရိတ်မြင့်လာခြင်းကြောင့် သင်္ကြန်ပစ္စည်းများ ဈေးမြင့်လာပြီး၊ လသာမြို့နယ်၊ ၂၄ လမ်းတွင် အရောင်းဆိုင်များ တွင် သင်္ကြန်ပစ္စည်းများ ရောင်းချနေသည်။



