၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက် နံနက်အစောပိုင်းတွင် မြန်မာနိုင်ငံသား ၁၇ ဦး (ကလေး ၆ ဦးအပါအဝင်) ကို တောထဲတွင် စွန့်ခွာထားသည့်ကားတစ်စီး တွေ့ရှိခဲ့ကြောင်းသိရသည်။ထိုင်းအာဏာပိုင်များက ထရပ်ကားတစ်စီးကို မသင်္ကာဖြင့် စစ်ဆေးရန် တားမြစ်စဉ် ယာဉ်မောင်းသည် မောင်းနှင်ထွက်ပြေးခဲ့သည်။ ထို့နောက် သစ်တောတစ်ခုအတွင်း ချောင်းနား တွင် ယာဉ်အား စွန့်ခွာခဲ့ပြီး ယာဉ်မောင်းသည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ကားပေါ်တွင် အသက်ငယ်ဆုံး တစ်နှစ်သားအရွယ် ကလေး ၆ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်ရန် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ပေးဆောင် ရခဲ့ကြောင်းသိရသည်။



