၂၀၂၅ မတ် ၂၀ ရက်နေ့၊ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ရွာနယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးအနက် ၃ ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၁ ဦး သေဆုံးကြောင်း သိရသည်။ဖြစ်စဉ်သိရှိပြီးနောက် ကျိုင်းတုံခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းများမှ တင်ဆောင်ကာ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။



