၂၀၂၅ မတ် ၂၀ ရက်နေ့၊ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်၊ အထူးစုံစမ်းစစ်ဆေးရေးနှင့် အကျဉ်းဦးစီးဌာနအနီးတွင် တောင်မီးလောင်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်သိရှိပြီးနောက် ဉတ္တရသီရိမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၂၃:၀၈ နာရီတွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။



