၂၀၂၅ ခုနှစ်တွင် A4 စာရွက်ဈေးနှုန်းနိမ့်သွားသော်လည်း၊ မိတ္တူကူးစက်အပိုပစ္စည်းများနှင့် ပြုပြင်မှုစရိတ်များမြင့်တက်လာမှုကြောင့် မိတ္တူကူးခများ ယခင်ထက် တိုးလာခဲ့သည်။၂၀၂၃ ခုနှစ်တွင် မိတ္တူတစ်ရွက်ကူးခ ၁၅၀ ကျပ်သာရှိသော်လည်း၊ ၂၀၂၅ တွင် ၂၀၀-၃၀၀ ကျပ်အထိ မြင့်တက်လာသဖြင့် ကျောင်းသားများနှင့် ရုံးလုပ်ငန်းသမားများ အခက်အခဲဖြစ်လာသည်။ ဆိုင်များတွင် တစ်ပတ်ရစ်စက်များ အသုံးများလာသော်လည်း အပိုပစ္စည်းရှားပါးမှုနှင့် ပြုပြင်မှုခက်ခဲမှုတို့ကြောင့် ထပ်မံ ပြဿနာများ ဖြစ်ပေါ်နေကြောင်း သိရသည်။



