၂၀၂၅ ခုနှစ် မတ် ၂၁ ရက်တွင် ရန်ကုန်ရပ်ကွက်ဈေးများတွင် ကြက်သားဈေးများ တက်မြင့်လာမှုကို တွေ့ရှိရသည်။ စီပီကြက်နှင့် ဗမာကြက်ဈေးများတက်ကာ၊ စီပီကြက် ရင်ပုံတစ်ဆယ်သား ၂၀၀၀ ကျပ်၊ ဗမာကြက်တစ်ဆယ်သား ၃၆၀၀-၃၈၀၀ ကျပ်အထိ ရှိလာသည်။ ဘဲသားဈေးလည်း တစ်ဆယ်သား ၂၈၀၀ ကျပ်ဖြင့် မြင့်မားနေသည်။အခြား အသားဈေးများတွင် ဝက်သားနှင့် အမဲသားဈေးများကတော့ ပုံမှန်ရှိနေပြီး ဝက်သားသုံးထပ်တစ်ဆယ်သား ၃၆၀၀ ကျပ်၊ အမဲမိုးခိုသား ၂၈၀၀ ကျပ်ဖြင့် ရောင်းချနေသည်။ ဆိတ်သားဈေးသည် တစ်ဆယ်သား ၄၄၀၀ ကျပ်ဖြင့် အသားဈေးများထဲတွင် အမြင့်ဆုံးဖြစ်သည်။



