မတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရုတ်ယွမ် ၇၇၇,၁၉၂ ကို ၅၄၂.၈ ကျပ်နှုန်းဖြင့် ထုတ်ရောင်းခဲ့သည်။ ထိုနေ့တွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၃၃.၀၄၀ သန်း၊ တရုတ်ယွမ် ၇.၉၇၇ သန်း၊ ထိုင်းဘတ် ၇၁.၁၆၁ သန်း၊ အိန္ဒိယရူပီး ၄.၇၁၁ သန်း အလွှဲအပြောင်းဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။



