ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အသင်းဟောင်း PSG နှင့် တွေ့ဆုံနိုင်သော်လည်း လက်ရှိတွင် အာဆင်နယ်နှင့် ကစားရမည့် ကွာတားဖိုင်နယ်အတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်တွင် မက်ဒရစ်မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ကွာတားဖိုင်နယ်တွင် အာဆင်နယ်အသင်းနှင့်တွေ့ဆုံနေပြီး ပထမအကျော့အဖြစ် ဧပြီလ (၉)ရက်တွင် အဝေးကွင်း၊ ဒုတိယအကျော့အဖြစ် ဧပြီလ (၁၆) ရက်တွင် အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် PSG နှင့်တွေ့ဆုံနိုင်သော်လည်း အာဆင်နယ်နှင့်ပွဲကိုသာ အာရုံစိုက်ထားကြောင်း ဘာပေ ဆို
Mar 20 • 7:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


