ယူကရိန်းအရေးအခင်း စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ကို လေးသုတ် ပေးအပ်ခဲ့ကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ လီမင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လီမင် က ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်းစကီး က ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေးတွင် တရုတ်နိုင်ငံမှ အကူအညီပေးရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းနှင့်ပတ်သတ်၍ မေးမြန်းခံရသည့်အခါတွင် လီက သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော တွန်းအားအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုနှင့် ငြိမ်ချမ်းမှုအတွက် တိုးတက်သော အင်အားတစ်ခုဖြစ်လိမ့်မည်ဟု လီက ပြောကြားခဲ့သည်။
| 17 | 0 | 0 | 0 |


