အရည်အသွေးမြင့် သုတ်ပိုးပိုင်ဆိုင်တဲ့ ယောက်ျားတွေဟာ တခြားသူတွေနဲ့ယှဉ်ရင် သက်တမ်း ၃ နှစ်နီးပါးလောက်ပိုပြီး အသက်ရှည်နိုင်ဖွယ်ရှိတယ်လို့ သုတေသနအသစ်တစ်ခုမှာ ယူဆထားပါတယ်။ သုတ်ရည်အရည်အသွေး နိမ့်ပါးလေ ပျမ်းမျှနေထိုင်သက်တမ်း နည်းပါးလေဖြစ်တယ်လို့ ကိုပင်ဟေဂင်တက္ကသိုလ်ဆေးရုံမှ အကြီးတန်းသုတေသီ လာ့ခ်ပရစ္စကွန်က ပြောထားပါတယ်။ ဒီလေ့လာချက်က အမျိုးသားပေါင်း ၈ သောင်းနီးပါးကို နှစ် ၅၀ ကြာတဲ့အထိ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ထိုကာလအတွင်း လူပေါင်း ၈,၆၀၀ ခန့်သေဆုံးခဲ့ကာ တစ်ခါသုတ်လွှတ်တိုင်း လှုပ်ရှားနိုင်စွမ်းကောင်းတဲ့ သုတ်ပိုးသန်း ၁၂၀ ကျော် ထုတ်လုပ်တဲ့ ယောကျ်ားတွေက ၅ သန်းအောက်သာ ထုတ်လုပ်နိုင်တဲ့သူတွေထက် သက်တမ်း ၂ နှစ်မှ ၃ နှစ်လောက် အသက်ပိုရှည်တယ်လို့ တွေ့ရှိလာပါတယ်။ 
Mar 20 • 7:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


