ယနေ့၂၀ရက်မနက် ၆ နာရီခန့်ကလမ်းဘေးရေနုတ်မြောင်းထဲ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိဆယ်ယူခဲ့ရတဲ့ဖြစ်စဉ် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။အဆိုပါအမျိုးသားမှာ အသက် ၃၅ နှစ်ဝန်းကျင်ခန့်လို့ ခန့်မှန်းသိရှိရပေမဲ့ အမည်၊ နေရပ်လိပ်စာ မသိရှိရဘဲ ယာဘက် နဖူးပွန်း၊ ယာဘက် နားထင်ပေါက်ပြဲ၊ ယာဘက်မျက်လုံး ဖူးယောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာတွေနဲ့ ရေမြောင်းထဲ ပြုတ်ကျသေဆုံးနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်အမျိုးသားတစ်ဦး လမ်းမဘေး ရေမြောင်းထဲ ပေါက်ပြဲ ဖူးယောင် ဒဏ်ရာတစ်ချို့နဲ့ သေဆုံးနေ
Mar 20 • 7:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


