စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓာတုဗေဒ/ပထဝီဝင်ဘာသာအား ကျောင်းသားကျောင်းသူ (၈၈၀)ဦး ဝင်ရောက်ဖြေဆိုကြပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် အထက( ၁)ကန့်ဘလူစာစစ်ဌာနနှင့် အထက-ထန်းကုန်းစာစစ်ဌာန တို့တွင် ကျောင်းသား ၃၉၉ ဦး၊ ကျောင်းသူ ၄၈၁ ဦးဝင်ရောက် ဖြေဆိုပြီး ပျက်ကွက်သူ ကျောင်းသား ၁၅ ဦး၊ ကျောင်းသူ ၉ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၃၄ ရာခိုင်နှုန်းရှိသည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓာတုဗေဒ/ပထဝီဝင်ဘာသာအား ဝင်ရောက်ဖြေဆိုသူ (၈၈၀)ဦး ရှိ
Mar 20 • 7:22 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


