မတ်လ ၁၉ ရက် နံနက်ပိုင်းကပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်။ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ် ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ်အခြားယာဉ်များ စောင့်ဆိုင်းနေရပြီး ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ်ခဲ့ရ၍သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသော ဒေသခံ ပြည်သူများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကြုံတွေ့ရခြင်းမှ ကင်းဝေးပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့ဘဲ မိုးတွင်းကာလပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်မည်ဖြစ်ပါတယ်။ပဲခူးမြစ်ကူးတံတားသစ်ကြောင့် ဒေသခံပြည်သူများ၏ သွားလာရေး ပိုမိုလွယ်ကူလျှင်မြန်၍ ပဲခူးမြို့ကြီး၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီ၍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားသည် အရှည်ပေ (၃၂၀) ရှိပြီး ယာဉ်သွားလမ်း (၁၆) ပေအကျယ်ရှိကာ ပဲခူးတိုင်းဒေသကြီးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၇၂၁.၃၅) သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ကျပ်သန်းပေါင်း (၁၇၂၁.၃၅) သန်း အကုန်ကျခံတည်ဆောက်ခဲ့သည့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားပေါ်မှ ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီ
Mar 20 • 7:18 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


