အစ္စရေးနှင့် ဟားမတ်စ်တို့ နှစ်လကြာ အပစ်အခတ်ရပ်စဲပြီးနောက် သဘောတူညီမှုပျက်ပြယ်ပြီး အစ္စရေးစစ်တပ်က တစ်ကျော့ပြန် မြေပြင်ထိုးစစ် စတင်ခဲ့သည်။ မြေပြင်ထိုးစစ်ပြန်လည်မစတင်မှီ အစ္စရေးစစ်တပ်မှ တိုက်လေယာဉ် ဒါဇင်နှင့်ချီ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀ ဝန်းကျင် သေဆုံးခဲ့သည်။ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြှောင်ဒေသရှိ အဓိကကျသောနေရောများအား မြေပြင်ထိုးစစ်ဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်၏ မြေပြင်လှုပ်ရှားရေးတပ်များသည် Netzarim ဒေသ၏ အလယ်ဗဟိုအထိ တိုးချဲ့ထားကြောင်း တာဝန်ရှိသူများကဆိုသည်။ အစ္စရေး၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုသည် အန္တရာယ်ရှိကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
Mar 20 • 7:40 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


