back

Cryptocurrency တွေထဲမှာ Memecoins တွေကိုမကြိုက်ဘူးဆိုတဲ့ Cathie Wood

Mar 20 • 6:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

Cryptocurrency တွေထဲမှာ Memecoins တွေကိုမကြိုက်ဘူးဆိုတဲ့ Cathie Wood

Ark Invest ရဲ့ CEO ဖြစ်တဲ့ Cathie Wood ဟာဆိုရင်တော့ memecoins တွေရဲ့ ရေရှည်တန်ဖိုးအပေါ် သံသယရှိတယ်လို့ ဖော်ပြခဲ့ပြီး သူတို့ထဲက အများစုဟာဆိုရင် တန်ဖိုးမရှိဖြစ်သ...

Ark Invest ရဲ့ CEO ဖြစ်တဲ့ Cathie Wood ဟာဆိုရင်တော့ memecoins တွေရဲ့ ရေရှည်တန်ဖိုးအပေါ် သံသယရှိတယ်လို့ ဖော်ပြခဲ့ပြီး သူတို့ထဲက အများစုဟာဆိုရင် တန်ဖိုးမရှိဖြစ်သွားမှာပါဆိုပြီးပြောကြားခဲ့ပါတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာဆိုရင် သူမက SEC ရဲ့ ဒီဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေအပေါ် စည်းမျဉ်းမထုတ်ရဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး "ဝယ်သူများ သတိပြုပါ" ဆိုတဲ့ချဉ်းကပ်မှုကို အလေးထားကြောင်း ပြောဆိုခဲ့ပါတယ်။ Wood ကတော့ memecoins တွေဟာ စျေးနှုန်း သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းထားပြီး ရင်းနှီးမြုပ်နှံသူတွေဟာဆိုရင်လည်း memecoins တွေရဲ့ အခြေခံတန်ဖိုးမရှိတဲ့အတွက်ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။



news-view-count-icon

16