back

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ လေ့လာဆန်းစစ်နေ

Mar 20 • 6:13 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ လေ့လာဆန်းစစ်နေ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် “မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်း...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် “မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်း” စီမံကိန်းအောင်မြင်ပြီးမြောက်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာမှ သိရပါတယ်။မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံး သီးနှံများအနေဖြင့် မန္တလေးတိုင်း ဒေသကြီးတွင် ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေပဲတို့ဖြစ်ပြီး မကွေးတိုင်းဒေသကြီးတွင် ပဲကြီး၊ နေကြာ၊ နှမ်းသီးနှံတို့ဖြစ်ရာသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သွင်းအားစုဈေးနှုန်းမြင့်မားခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ အလုပ်သမားရှားပါးခြင်း၊ သီးနှံဖျက်ပိုးနှင့် ပေါင်းကျရောက်ခြင်းနှင့် စိုက်ပျိုးရေရရှိမှု ခက်ခဲခြင်းစသည့် အခက်အခဲများကို တောင်သူများ အများဆုံးကြုံတွေ့ကြရသည်ကို ယခုစီမံကိန်းတွင် လေ့လာဆန်းစစ်နိုင်ခဲ့ကာတောင်သူများအနေဖြင့် သီးနှံဖျက်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်းကို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအား အဓိကအသုံးပြုကြသော်လည်း သီးနှံပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် စိုက်ချိန်ညှိခြင်း၊ မျိုးပြောင်းလဲခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲခြင်းဖြင့် တောင်သူများဝင်ငွေတိုးတက်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေရေးကို များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။



news-view-count-icon

30