back

ရုရှားနှင့် ယူကရိန်းတို့က အကျဉ်းသား ၁၇၅ ဦးစီ ထပ်မံ လဲလှယ်

Mar 20 • 6:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားနှင့် ယူကရိန်းတို့က အကျဉ်းသား ၁၇၅ ဦးစီ ထပ်မံ လဲလှယ်

ရုရှားနှင့် ယူကရိန်းနိုင်ငံတို့က ယူကရိန်းပဋိပက္ခအတွင်း ဖမ်းဆီးထားသော အကျဉ်းသား ၁၇၅ ဦးကို ဗုဒ္ဓဟူးနေ့တွင် အပြန်အလှန်ဖလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြ...

ရုရှားနှင့် ယူကရိန်းနိုင်ငံတို့က ယူကရိန်းပဋိပက္ခအတွင်း ဖမ်းဆီးထားသော အကျဉ်းသား ၁၇၅ ဦးကို ဗုဒ္ဓဟူးနေ့တွင် အပြန်အလှန်ဖလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ပြင်းထန်စွာ ဒဏ်ရာရရှိသော ယူကရိန်း အကျဉ်းသား ၂၂ ဦးကိုလည်း အရေးပေါ် ဆေးကုသရန် လိုအပ်နေသော လူနာများအဖြစ် ချစ်ကြည်ရေးအရလွှဲပြောင်းပေးခဲ့သည်ဟု ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အာရပ်စော်ဘွားများ ပြည်‌ေထာင်စု မှ တဆင့်လည်း ရုရှားစစ်မှုထမ်းအဖွဲ့ဝင်များကို ပြန်လွှတ်ပေးနိုင်စေရန် ဖြန်ဖြေရေး ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။


news-view-count-icon

19