back

အမေရိကန်ထောက်လှမ်းရေး စီအိုင်အေဌာနချုပ်ကို လူတစ်ဦးတည်းက လာပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွား၊ လေးနာရီကြာပစ်ခတ်ပြီးမှ သေနတ်သမားက လက်နက်ချ

Mar 20 • 4:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်ထောက်လှမ်းရေး စီအိုင်အေဌာနချုပ်ကို လူတစ်ဦးတည်းက လာပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွား၊ လေးနာရီကြာပစ်ခတ်ပြီးမှ သေနတ်သမားက လက်နက်ချ

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊လန်းလီ(Langley)မြို့ရှိ စီအိုင်အေခေါ် ဗဟိုထောက် လှမ်းရေးအေဂျင်စီ အပြင်ဘက်မှာ တရားခံတစ်ဦးက ပုန်းအောင်းနေရာယူကာ ပိတ်ဆို့တ...

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊လန်းလီ(Langley)မြို့ရှိ စီအိုင်အေခေါ် ဗဟိုထောက် လှမ်းရေးအေဂျင်စီ အပြင်ဘက်မှာ တရားခံတစ်ဦးက ပုန်းအောင်းနေရာယူကာ ပိတ်ဆို့တားဆီးမှု ပြု ပြီးတဲ့နောက် ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတဲ့ ဖြစ်ရပ်တစ်ခု မတ်လ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Fairfax ခရိုင်ရဲတပ်ဖွဲ့ကတော့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှာ စီအိုင်အေဌာနချုပ် အပြင်ဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်နေလို့ Georgetown Pike နဲ့ Savile လမ်းအကြား နှစ်ဖက်စလုံးကို ယာဉ်အသွားအလာ ပိတ်ဆို့ခဲ့တယ်လို့ ပြောပါတယ်။ လေးနာရီကြာပစ်ခတ်မှုတွေအပြီးမှာ သေနတ်သမားက လက်နက်ချခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဗီဒီယို ပြသချက်တွေအရတော့ ရွှေရောင်ဆံပင်နဲ့ မုတ်ဆိတ်မွှေးလည်းရှိတဲ့ သေနတ်သမားက အသားရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားကာ ရဲအရာရှိတွေက ဖမ်းဆီးခေါ်ဆောင်သွားတာတွေ့ကြရပါတယ်။



news-view-count-icon

23