back

ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ရေကြီးမှု ကိစ္စမဖြစ်ပေါ်ရေး လုပ်ငန်းစီမံကိန်း တွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်သွားကြဖို့ ညွှန်ကြားထား

Mar 20 • 5:00 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ရေကြီးမှု ကိစ္စမဖြစ်ပေါ်ရေး လုပ်ငန်းစီမံကိန်း တွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်သွားကြဖို့ ညွှန်ကြားထား

ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ရေကြီးတဲ့ကိစ္စမဖြစ်ပေါ်ရေး လုပ်ငန်းစီမံကိန်း တွေကိုအရှန်အဟုန်မြင့် ဆောင်ရွက်သွားကြဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်...

ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ရေကြီးတဲ့ကိစ္စမဖြစ်ပေါ်ရေး လုပ်ငန်းစီမံကိန်း တွေကိုအရှန်အဟုန်မြင့် ဆောင်ရွက်သွားကြဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။၂၀၂၄ ခုနှစ်အတွင်းက ဧရာဝတီမြစ်ရေကြီး မြင့်ခဲ့မှုရဲ့ နောက်ဆက်တွဲ‌အ‌ေနနဲ့ မြစ်ကြမ်းပြင်မြင့်တက်လာတာကြောင့် အခုနှစ် မိုးရာသီနှစ်စဉ်မြစ်ရေမြင့်တက်ချိန်မရောက်မီ မြစ်ရေကြီးခြင်းက ကာကွယ်နိုင်ရေး အတွက် လုပ်ငန်းစီမံကိန်းတွေကိုအရှိန်အဟုန်နဲ့ စနစ်တကျစီမံ ဆောင်ရွက်သွားဖို့ မှာကြားသွားပါတယ်။ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်‌ေကြာင်း ရှင်းလင်းရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်‌ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့် ဗလမင်းထင် တံတားအောက်ပိုင်းက ၆၀၀၀ ပေ၊ အကျယ် ၇၅ ပေ၊ အနက် ရေစစ်မျဉ်းအောက် ၂ မီတာအထိ ရှင်းလင်းရမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ထုတ် ပြန်ချက်အရသိရပါတယ်။

news-view-count-icon

15