ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် အပြန်အလှန် နားလည်မှုရရှိခဲ့ပြီး ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ခေါင်းဆောင်နှစ်ဦးသည် ဆိုးရွားစွာ ထိခိုက်ခဲ့သည့် အမေရိကန်-ရုရှား ဆက်ဆံရေးကို တစ်ဆင့်ချင်းစီ ပြန်လည် ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။



