back

လူငယ်ကွင်းလယ်ကစားသမား မိန်နူးအား လာမည့်နွေတွင် မန်ယူအသင်း ရောင်းထုတ်မည်ဟု သတင်းထွက်

Mar 20 • 4:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

လူငယ်ကွင်းလယ်ကစားသမား မိန်နူးအား လာမည့်နွေတွင် မန်ယူအသင်း ရောင်းထုတ်မည်ဟု သတင်းထွက်

မန်ယူအသင်းသည် လာမည့်နွေတွင် အသင်းလူငယ်ကစားသမား မိန်နူးအား ရောင်းထုတ်မည်ဟု သတင်းထွက်ပေါ်နေသည်။ မန်ယူအသင်းသည် ဘဏ္ဍာရေးပြဿာနာနှင့် ပရီးမီးယားလိဂ်၏ PSR စည်းမျဉ်းတို...

မန်ယူအသင်းသည် လာမည့်နွေတွင် အသင်းလူငယ်ကစားသမား မိန်နူးအား ရောင်းထုတ်မည်ဟု သတင်းထွက်ပေါ်နေသည်။ မန်ယူအသင်းသည် ဘဏ္ဍာရေးပြဿာနာနှင့် ပရီးမီးယားလိဂ်၏ PSR စည်းမျဉ်းတို့ကြောင့် လာမည့်နွေရာသီတွင် ကစားသမားသစ်များ ခေါ်ယူမည်ဆိုပါက အသင်းရှိကစားသမားများကို အရင်ရောင်းထုတ်ရမည်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် လာမည့်နွေရာသီတွင် အငှားချထားသည့် ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဆန်ချိုတို့အပြင် ကက်စီမီရိုကိုပါ ရောင်းထုတ်ရန် စီစဉ်နေပြီး အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးကြမည့် အဲရစ်ဆင်နှင့် လင်ဒီလော့ဖ်တို့ကိုလည်း ထွက်ခွာခွင့်ပေးဖွယ်ရှိ ကြောင်း သိရသည်။ သို့သော် မန်ယူအသင်းသည် ကစားသမားသစ်များ ခေါ်ယူနိုင်ရန်အတွက် ရန်ပုံငွေပိုမိုရရှိရန် အသင်းငယ်မွေးခြံပေါက်ကစားသမား မိန်နူးကိုပါ ရောင်းထုတ်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။



news-view-count-icon

34